■ကမ္ဘာပြား သီအိုရီက သက်သက်....၊ ကျွန်တော့်ကမ္ဘာရဲ့ မညီမျှ တိမ်းစောင်းနေမှုက သက်သက်....၊ ■ဝမ်းတွင်း သန္ဓေယုတ် လူတန်းစားတွေက သက်သက်...၊ ကော်ဖီမစ်ထုပ် တစ်ထုပ်စာ လောက်တောင် ကရုဏာကြေး မပါတဲ့ ဝမ်းနည်းပြရုံ လူတန်စားကသက်သက်....၊ ■ဝါးလုံးခေါင်းထဲ သာနေတဲ့ ပိုးစုန်းကြူးလေးတွေက သက်သက်...၊ ရူးချင်ယောင် ဆောင်ရင်း တကယ် ရူးနှမ်းနှမ်း ဖြစ်သွားတဲ့ နွားပေါက်လေးတွေက သက်သက်.... ■"ငယ်ရွယ်သူတွေပဲလေ သူတို့ ပျော်နေကြပါစေ၊ ပြီးတော့.... သူတို့ တာဝန် ကိုယ်စီ ထမ်းဆောင်ကြပါလိမ့်မယ်" လို့ စပ်ဆိုသွားခဲ့တဲ့ ကဗျာဆရာကို အားနာမိတာက သက်သက်....၊ ပိန်းတောမှာ လမ်းမှားလာမိလို့ ကိုယ့်ကိုယ်ကို ရှက်မိတာက သက်သက်.... ■ဇာတ်သိမ်းခန်းကို ရောက်နေပါပြီ... ■အခုထိ အဖြူ အမည်း မကွဲတဲ့ အမှေးပါးတွေက သက်သက်..၊ မင်းသားနဲ့ ဘီလူးယုတ် ရှင်းရှင်း လင်းလင်း မခွဲခြားလိုတဲ့ အမျိုး မစစ်တွေက သက်သက်....၊ ၁၂၊၄၊၂၀၂၃