■နှစ်ချို့ တောင်တန်းကြီးက ပန်းနဲဲ့ လှမ်းပေါက်ခံရတဲ့ နေ့ မှာ ကဗျာဆရာ တာယာမင်းဝေ ဘယ်လို ခံစားမိလဲ ကျွန်တော် မသိတာက သက်သက်...၊ ကျွန်တော့်ကို အပေါက်ခံရတဲ့ နေ့မှာ ပ အက္ခရာလား? ဂ အက္ခရာ လား? စဥ်းစား မိတာက သက်သက်...၊ ■ဘီလူးတွင်းထဲ ကျနေတဲ့ သက္ကရာဇ်တွေကို ပြန်ဆယ်ယူနေရတာက သက်သက် ...၊ ငရဲပန်းကို ရွှေပန်းလို့ ထင်နေတဲ့ (ကလုန်)ကြယ်တွေကို မြင်ရလို့ စိတ် မသက်မသာ ဖြစ်ရတာက သက်သက်...၊ ■ဘယ်လိုပဲ ဖြစ်ဖြစ် သူ့လမ်းနဲ့ သူ ကိုယ့်လမ်းနဲ့ ကိုယ် ပါပဲ..၊ ■လမ်းဆုံးရင်တော့ ရွာတွေ့လိမ့်မယ်..၊ ■ရွာတွေ့တဲ့ အခါမှာသာ သူ့ အမေရဲ့ အိမ်လေးကို တွေ့စေလိုတာက သက်သက်...။ ၁၅၊၄၊၂၀၂၃