'နတ်ရှင်နောင်'ကို မမြင်ဖူးဘူး..၊ ရတုဘုရင်အဖြစ်နဲ့ အချစ်ဘုရင်ထူး မှန်း သိတာက သက်သက်...၊ စစ် ဘုရင်မှန်း သိတာက သက်သက်...၊ 'သက်တော်ဦးဆီ မျှောလိုက်ပြန်တော့ ရဲတံခွန်တွေ၊' တဲ့..၊ သူက စစ်တိုက်ချင်တာ မဟုတ်ဘူး...၊ လွမ်းချင်တာ...၊ အတိအကျအားဖြင့်..၊ ချစ်ချင်တာပါ...၊ 'လွမ်းရင် စစ်တိုက် ' ဆိုတာ သူ့စကား မဟုတ်ပေမယ့်...၊ သူ့ အယူအဆ ဖြစ်မယ် ....၊ သူ့ဝါကျ ခွဲတွေ...၊ သတိရရင် စစ်တိုက်...၊ ချစ်တတ်ရင် စစ်တိုက်...၊ လွမ်းတတ်ရင် စစ်တိုက်...၊ အချစ်က သက်သက်...၊ စစ်က သက်သက်...၊ အလွမ်းက သက်သက်..၊ အချစ်ပွဲက သက်သက်...၊ စစ်ပွဲက သက်သက်...၊ အလွမ်းပွဲက သက်သက်...၊ အချစ်ကဗျာက သက်သက်...၊ စစ်ကဗျာက သက်သက်...၊ ရတုကဗျာက သက်သက်...၊ အဲဒီ 'သက်သက်' တွေ ကြားထဲမှာ မှ... သူက သူ သက်သက်...၊ ကျွန်တော်က ကျွန်တော် သက်သက်...၊ ခင်ဗျားက ခင်ဗျားက သက်သက်...။ ၂၅၊၄၊၂၀၂၃