ကျွန်တော်မုန်းသောအရာများ အပိုင်း-1
ကျွန်တော်သည် ခွေးလေးတွေ ကြောင်လေးတွေ အစ
တိရစ္ဆာန်လေးများကို ချစ်တတ်သည်။
ခွေးလေးတွေ မွေးသည်။ကြောင်လေးတွေ မွေးသည်။
သို့သော် လှောင်ချိုင့်ဖြင့် မွေးရသော
ငှက်ကလေးများကိုတော့ဘယ်တုန်းကမှ မွေးလေ့ မွေးထ မရှိခဲ့ပါ။
မိတ်ဆွေ သူငယ်ချင်းများ မွေးထားသည့် လှောင်ချိုင့်ထဲမှ
ငှက်ကလေးများကိုပင် အလှတရားခံစား၍ ကြည့်လေ့ ကြည့်
ထ မရှိပါဘူး။
အချို့သော မိတ်ဆွေများက သူတို့မွေးထားသည့် ငှက်လေးက လှကြောင်း ပြော၍ အတင်း ပြခဲ့လျှင်တောင်မှ
အားနာပါးနာဖြင့် ထိုမိတ်ဆွေ ရှေ့မှာသာ ကြည့်ပါသည်။
သူတို့ကွယ်ရာတွင် လုံးဝ ကြည့်လေ့ ကြည့်ထ မရှိပါ။
မျက်စိရှေ့မှာဆိုလျှင် မကြည့်ဖြစ်အောင် ကြိုးစား၍ နေသည်။
အကယ်၍ မိတ်ဆွေ၏ မျက်ကွယ်ရာမှာ
သူမြတ်နိုးစွာ မွေးမြူထားသော ငှက်ကလေးကို ကြည့်မိ
ခဲ့သော် လှောင်ချိုင့်ကို ဖွင့်၍ ငှက်ကလေးကို လွှတ်မိမှာ
စိုးလို့ပါ။ထိုအခါ ထိုမိတ်ဆွေနှင့် ကျွန်တော်သည်
မိတ်ပျက်ရပါမည်။မိမိမှာ ရှိသော ဤအကျင့်စရိုက်ကြောင့်
မိတ်ဆွေများနှင့် မိတ်ပျက်ခဲ့ဖူးသည်။
ကျွန်တော်သည် ငှက်ကလေးများကို ချစ်သည်။
လှောင်ချိုင့်ကို အလွန် မုန်းသည်။
ကံရှု့ထောက်မှ ကမ္မနိယာမ သဘောကို နားလည်း
လက်ခံသော်လည်း လှောင်ချိုင့်ကိုတော့ အလွန်မုန်းမိသည်။
လှောင်ချိုင့်ဖြင့် ငှက်လေးများကို မွေးသည့် မိတ်ဆွေ သူငယ်ချင်းများကိုလည်း အလွန် ကြောက်မိပါသည်။
အဘယ့်ကြောင်းများ ကိုယ် အလှကြည့်ဖို့ရန် အတွက်
သူတပါးကို ချုပ်နှောင် ဖွဲ့ချည် ထားရက်ပါသနည်း? ဟူသော အတွေးဖြင့် ထိုမိတ်ဆွေကို အလွန်ကြောက်မိခြင်း ဖြစ်ပါသည်။
ထိုမိတ်ဆွေ သူငယ်ချင်းများနှင့် ကြုံရ ဆုံရလျှင်
သူတို့အား တိရစ္ဆာန်လေးများကို ချစ်တတ်သော
ကရုဏာရှင်အဖြစ်၊အလှတရားကို မြတ်နိုးတတ်သူ အဖြစ်
မမြင်မိဘဲ အလွန် အတ္တကြီးသူ ဟူ၍သာ မြင်မိသည်။
ကျွန်တော်သည် လှောင်ချိုင့်ကို အလွန် မုန်းမိသလို
တားဆေး ပျက်ဆေး တီထွင်ခဲ့သော ဆေးသုတေသန
ပညာရှင်ကိုလည်း အလွန် မုန်းမိသည်။တာဆေး ပျက်ဆေး
တိုင်းကိုတော့ မဆိုပါ။
အချို့သော မိတ်ဆွေ သူငယ်ချင်းများက
ကျွန်တော်မွေးထားသော ခွေးထီးလေးများနဲ့ ပက်သက်၍ အကြံပေးကြသည်။ခွေးထီးလေးတွေ ကျွန်တော်မွေးထားသည်။
အရွယ်ရလာတော့ သဘာဝအရ မိတ်လိုက်ဖို့
ခွေးမလေးတွေ ရှာရင်း အလည် လွန်နေတတ်သည်။
ကျွန်တော့်အနားကို သိပ်မကပ်ချင်ကြတော့ပေ။
ထိုကြောင့် မိတ်မလိုက်အောင်၊မ စိတ် မရှိအောင် ဆေးထိုးပေးဖို့ အကြံပေးကြခြင်း ဖြစ်ပါသည်။
ကျွန်တော်သည် အကြံပေးသည့် ထိုမိတ်ဆွေကို မမုန်းမိ
သော်လည်း သူ့အကြံကိုတော့ အလွန် မုန်းမိသည်။
ကျွန်တော်၏ အတွေးမှာ "အရိယာ သူတော်စင်တို့မှ လွဲရင် သည်ချစ်ခြင်းတရားနှင့် ရမ္မက်စိတ် ဆိုတာမျိုးဟာ သတ္တဝါတို့၏
ပင်ကိုယ် မူလ သဘာဝစိတ် ဖြစ်သည် ဟု နားလည် လက်ခံထားသည်။ဂုဏ်သိက္ခာနှင့် ဥာဏ်ပညာတို့ကြောင့်သာ
ထိမ်းသိမ်း နေကြရပြီး ထိုစိတ်တို့မှ ကင်းဝေးနိုင်ဖို့ ဆိုတာ အလွန် အင်မတန်မှ မဖြစ်နိုင်ပါ။
ထိုသို့ နားလည် လက်ခံထားလို့ လူများကဲ့သို့ ဂုဏ်သိက္ခာ
နှင့် ဥာဏ်ပညာ မရှိကြသော (ကျွန်တော်၏)ခွေးလေးများကို တားဆေး လုံးဝ ထိုးမပေးပါ။
သဘာဝအတိုင်းသာ လွတ်လပ်စွာ နေကြစေ အခွင့်အရေး အပြည့်အဝ ပေးထားသည်။
ဥာဏ်ပညာရယ် ချစ်ခြင်းမေတ္တာတရားရယ်ကို အလေးထားရမည့် လူသားတို့အားလည်း သဘာဝတရားကို
သဘာဝ ကျကျ ခံစား သုံးဆောင်၍ သဘာဝ ကျကျ တာဝန်ယူကြ စေလိုသည်။
မိမိ အတ္တအတွက် သဘာဝ အလှတရားများကို ချနင်းနေသော၊အကြင်နာတရား မေတ္တာတရား ကင်းမဲ့သော
လူ့ဘောင် အဖွဲ့အစည်းကြီးကို အလိုမရှိပါ။
မတည်ဆောက်စေ လိုပါ။
ကိုယ့်တာဝန်ကို ကိုယ်ယူကြဖို့ရန် မဝံ့ မရဲ သတ္တိနည်းကြသည့်
လူ့ေဘာင်အဖွဲ့အစည်းကို မလိုမရှိပါ။
ဥာဏ်ပညာရယ်၊ချစ်ခြင်းမေတ္တာတရားရယ် တို့ဖြင့်
ပြည့်နှက်နေသော ကမ္ဘာကြီးကိုသာ အလိုရှိပါသည်။
အကြင်နာ ကရုဏာ ကြီးမားသော လူ့အဖွဲ့ အစည်းကြီးကိုသာ
မျှော်လင့် တောင့်တ မိပါ၏။
၄၊၂၊၂၀၂၃