" ပါဏာတိပါတ အမှုကို မနှစ်မြို့ခြင်းက သက်သက်....၊ သူတို့ ဘဝအတွက် သူတို့ လက်သည်းတွေ ထုတ်တာ လို့ ယုံကြည်နေခြင်းက သက်သက်..၊ လမ်းချင်း တူလို့ လူချင်း တွေ့တာက သက်သက်.၊ လူချင်း တွေ့ပြီး လမ်းချင်း မတူကြတာက သက်သက်..၊ မိတ်ကောင်း ဆွေကောင်းတို့၏ အကျင့်ကို ယုံကြည်ခြင်းက သက်သက်.၊ ရန်သူ၏ ဘက်တော်သား စိတ်ယုတ်ကို လက် မခံခြင်းက သက်သက်...၊ ကျွဲနှစ်ကောင်ကြား ရောက်နေတဲ့ မြေဇာပင်က သက်သက်..၊ မိခင်ရင်း နဲ့ ဘီးလူးမ ကြား ရောက်နေတဲ့ ကလေးငယ်က သက်သက်...၊ လူဘဝကို ရ နေကြတာချင်း တူတာက သက်သက်..၊ လူစိတ် ရှိပုံချင်း မတူတာက သက်သက်...။ ဘုရားကို မယုံကြည် သူများက သက်သက်...။ ဗုဒ္ဓဘာသာဝင် လို့ အမည် ခံထားကြခြင်းက သက်သက်...၊ ၆.၃.၂၀၂၃