သက်သက် အပိုင်း-5

■ကောင်းကင်ဘုံမှ သူတော်စင်က သက်သက်....။ မစင်တွင်းမှ ကြောင် သူတော်က သက်သက်...၊ ■ဗြဟ္မာတို့၏တရား ဥပေက္ခာက သက်သက်...၊ မြွေကို ကြောက်လို့ ဖားသူငယ်ကို ဥပေက္ခာပြုခြင်းက သက်သက်...၊ ■(အတ္တသမ္မာ ပဏိဓိ=)မိမိကိုယ်ကို ကောင်းကျိုး တည်စေတာက သက်သက်....၊ တောမီး လောင်လို့ တောကြောင် လက်ခမောင်း ခပ်တာက သက်သက်..၊ ■အရိယာတို့၏ တရားက သက်သက်...၊ ပုထုဇဥ် အတု တို့၏ တရားက သက်သက်...။ ■ရူးချင်ယောင် ဆောင်ခြင်းက သက်သက်...၊ အရူးလုပ်ခံရတဲ့ ဘဝမှာ နေသာကျသွားခြင်းက သက်သက်..။ ■ကျွန်တော်က ကျွန်တော် သက်သက်...၊ ခင်ဗျားက ခင်ဗျား သက်သက်.၊ ■ရောင်နီ မြင်ရတာချင်း တူချင် တူလိမ့်မယ်.. နေရာချင်းက သက်သက်...။ ၈၊၃၊၂၀၂၃