သက်သက် အပိုင်း-6

အကြွေးတောင်းရုံ အဖွဲ့က သက်သက် စစ်မှန်သော ကရုဏာရှင်အဖွဲ့က သက်သက် ဒီနွေဦးမှာ ပွင့်တဲ့ ပန်းက သက်သက် ဒီလေရူးကြောင့် အမြင့်ရောက်နေတဲ့ ပလပ်စတစ် သက်သက် ပြဇာတ်ထဲမှာ သရုပ်ဆောင်ရုံ နှလုံးလှ လူမိုက်က သက်သက် လက်တွေ့ဘဝမှ နှလုံးလှ လူမိုက်တွေက သက်သက်... အတု အစစ်ကို လုပ်ရပ်နဲ့ အချိန်က ခွဲခြားပေးတယ်... နှလုံးသား စစ်စစ် တွေက အသိအမှတ် ပြုပေးတယ်... အစစ်က သက်သက် အတုက သက်သက် .....။ အစစ်ကို အတု လိုက်ထားရုံက သက်သက် ..........။ ၂၃၊၃၊၂၀၂၃