သက်သက် အပိုင်း-7

■အိပ်မက်ကနေ ထွက်ပြေးသွား သူတွေက သက်သက်.. အရင်ကတည်းက ခရီးလမ်း မမှန် သူတွေက သက်သက်... ■ကျားရိုင်း ကျားယုတ်ကြောင့် ဘဝပျက်သွားသူတွေက သက်သက်....၊ "ကျားကြောက်လို့ ရှင်ကြီးခိုး၊ရှင်ကြီး ကျားထက်ဆိုး" စကားပုံလို ဖြစ်သွားသူတွေက သက်သက်...၊ ■နွေဦး ပန်းချီကားကို နှလုံးသားနဲ့ ခံစားသူက သက်သက်... စီးပွားရေးသမားဉာဏ်နဲ့ ရောင်းကွက် ယူတာက သက်သက်... ■ကမ္ဘာကြီးကတော့ ပုံ မှန် လည်ပတ် နေမှာပါပဲ..၊ ကိုယ့်နေရာမှာ ကိုယ်ရပ်တည်ပြီး ရိုးရိုး သားသား ရှင်သန်နိုင်ဖို့ ကြိုးစား နေရ သူတွေက သက်သက်...၊ ရောမ ရောက်လို့ ရောမ လို ကျင့်သွားကြသူတွေက သက်သက်..။ ၂၄၊၃၊၂၀၂၃