သက်သက် အပိုင်း-8

■"တခါလွဲရင် ဘယ်​လောက် ကြာလဲ? ကဗျာဆရာ ​အောင်ချိမ့်ရဲ့ ​မေးခွန်းက သက်သက်...။ "ဒီ​နွေဦးမှာ ခင်ဗျား ဘာလုပ် သလဲ? ကျွန်​တော့် ​မေးခွန်းက သက်သက်..။ ■ငါး တစ်​ကောင်ကို သုည နဲ့ ​ပေါင်းကြည့် ငါး တစ်​ကောင် ရတဲ့ သီအိုရီ ကို နားလည်ရဲ့ လား?မေးခွန်းက သက်သက်... ကျွန်​တော် ​ရေးတဲ့ စာ​တွေကို ဖတ်​ကော ဖတ်တတ်ရဲ့လား ​မေးခွန်းက သက်သက်...၊ ■​ခွေး​ဖင် က နတ်စကားထွက် လို့ ရှင့် ပါးစပ်က လူ စကား ထွက်​ပေးရတာက သက်သက်.. လူရာဝင်​အောင်၊လူလို သူလို ​ပြောတတ်​အောင် န-အက္ခရာ င-အက္ခရာ တ-အက္ခရာ သင်ပုန်းကြီးစာ ပြန်သင်​ပေးမယ်၊ ​ကျောက်သင်ပုန်းနဲ့ ​ကျောက်တံ ယူခဲ့...။ က-အက္ခရာ ည-အက္ခရာ ပ-အက္ခရာ စ-အက္ခရာ မ-အက္ခရာ ​တွေနဲ့ စီထားတဲ့ ရိုးသားမှုကိုပါ အပို ထည့်၍ သင် ​ပေးချင်တာက သက်သက်...။ ၂၆၊၃၊၂၀၂၃